22
Nov

(ကွန်ဒွမ်) မျိုးဆက်သစ်လာတော့မည်

ဆေးဘက်ဆိုင်ရာ နည်းပညာက (မတ်ခ် မက်ဂလိုသလင်) ကနေလဲ နွားအရွတ်ကနေ လုပ်မဲ့ ယောက်ျားသုံး (ကွန်ဒွမ်) သစ်တခု ထုတ်လုပ်ဘို့ ရံပုံငွေလဲ ချီးမြှင့်ခံရပါသေးတယ်။ (ကိုလာဂျင် ဖိုင်ဘာ) အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားက သက်ရှိအရာနဲ့ တူလို့ အပူချိန် အပြောင်းအလဲကို ဖြစ်စေပြီး သဘာဝနဲ့ ပိုနီးစပ်ပါမယ်။

16
Nov

ဆက်ဆံရာမှာ ပါးစပ်သုံးခြင်း

လိင်ကတဆင့် ကူးစက်ရောဂါရဘို့ နှိုင်းယှဉ်ရင် အန္တရာယ် နည်းတယ်။ ဗဂျိုင်းနားနဲ့ စအိုလမ်းတွေထက် နည်းတယ်။ ကူးစက်ဘို့ မဖြစ်နိုင်တာတော့ မဟုတ်ပါ။ Latex လေးတက်စ် ကွမ်ဒွန်၊ Polyurethane ပေါ်လီယူရီသိန်း ကွမ်ဒွမ်၊ Female condoms အမျိုးသမီးသုံး ကွမ်ွးန်တွေကေ ကူးစက်ဘို့ အခွင့်အလမ်းကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်။ ပြုလုပ်ပေးသူရဲ့ ပါးစပ်နေရာမှာ Cuts ပြတ်ရှတာ၊ Sores အနာအဆာရှိတာ ဆိုရင် ပိုပြီး ကူးစက်လာစေနိုင်တယ်။ Ejaculation သုက်ရည်ကို ပါးစပ်ထဲထည့်ရင်လဲ အတူတူဘဲ။

13
Nov

သားအိမ်အဝ

သားအိမ်ဝဟာ မဟဘဲ ပိတ်ထားသလိုနေပေမဲ့ မျက်စိနဲ့ မမြင်နိုင်အောင်သေးတဲ့ ပိုးတွေ ကောင်းကောင်း ဝင်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆိုရင် ကလေးက ရေမွာအိပ်ထဲနေလို့ လုံခြုံတယ်။ ရေမွာ အိတ်စောပေါက်သူတွေကို မြန်မြန် မွေး လာအောင် လုပ်ပေးရတယ်။ အချိန်ကြာရင် ပိုးဝင်တာနဲ့ အာဟာရနည်းတာ ကလေးမှာဖြစ်လာစေနိုင်တယ်။

7
Nov

ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး

ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွါးရေး အခြေအနေတွေနဲ့ ကိုက်ညီတာတွေကို မြန်မာနိုင်ငံ သားတွေ ကိုယ်တိုင်ကနေ တိုင်ပင်ဆွေးနွေးတာတွေ အဆင့်ဆင့်လုပ်ကြပြီးမှ အကောင်းဆုံးကို ဆန်ကာတင် ရွေးသင့်ပါတယ်။ ဒီအရေးကိစ္စမှာ တိုင်းတပါးသားတွေ ဆီက အကြံဥာဏ် အကူအညီမလို ဘူးထင်ပါတယ်။

30
Oct

အသဲရောင် (စီ) ဘယ်လိုကုသလဲ

လိင်ကတဆင့်ကူးတဲ့ HIV ပါရှိနေသူဆိုရင် Acute infection စောစောပိုင်းကတည်းက ကုရင်ကောင်းတယ်။ Mild liver disease အသဲရောဂါ နည်းနည်းလေးသာ ရှိနေသူတွေ ဆေးမလိုသေးပါ။ Moderate liver damage အသဲရောဂါ အသင့်အတင့် ဆိုးလာသူတွေက Cirrhosis အသဲခြောက်တာ ဆက်ဖြစ်စရာများလို့ ဆေးကုသရမယ်။

28
Oct

HIV ပိုးနဲ့ မွေးလာခဲ့တဲ့ ကလေးမလေး တစ်ယောက် ရောဂါပျောက်

ကျွန်မ သူငယ်ချင်း တစ်ယောက် လွန်ခဲ့တဲ့ ၇ နှစ်လောက်က HIV positive ဖြစ်ပါတယ်။ နောက် ဆေး မှန်မှန်သောက်ရင်း မနှစ်က ဆေးစစ်တော့ HIV negative ဖြစ်နေ ပါတယ်။ ထပ်ခါထပ်ခါ စစ်တာလဲ ဒီအဖြေ ပါပဲ။ သူ့ အမျိုးသမီးကလဲ negative ပါပဲ ဆရာ။ HIV ကို ပျောက်နိုင်တဲ့ ဆေးမရှိဘူးလို့ သိထားတော့ ဒါက ဘယ်လိုဖြစ်တာပါလဲ။

23
Oct

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဘယ်လို ကုသမလဲ

STDs လိင်လမ်းကကူးစက်တာမျိုးဆိုရင် ပဋိဇီဝ ပိုးသေဆေး တမျိုးမက လိုမယ်။ ဆေးကို လက္ခဏာ သက်သာသေမဲ့ ဆေးပါတ်လည်အောင် သောက်ရမယ်။ လက်မှတ်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေက ပိုးကိုတော့ သေစေမှာ မဟုတ်ဘူး။ ဥပမာ Uristat, Phenazopyridine, Pyridium, Urogesic နာတာကို သက်သာစေတယ်။

17
Oct

လိင်မှတဆင့် ကူးစက်သည့် ရောဂါဆေးများ (၄)

Lymphogranuloma Venereum (LGV) Chlamydia trachomatis ပိုးကြောင့်ဖြစ်သည်။ ပိုးဝင်အပြီး ၃-၁၂ ရက်အကြာ ကျား-မ လိင်အင်္ဂါများမှာ မနာသော အနာပေါက်မည်။ ပေါင်ခြံတက်စေ့များ ရောင်လာမည်၊ ၎င်းတို့မှ အနာဖြစ်လာမည်။ အစာဟောင်းအိမ် ဖြစ်ပါက ဝမ်းသွားလျင်နာမည်။ Doxycycline 100 mg BD x 21 days; Erythromycin base 500 mg QID x 21 days

16
Oct

လိင်မှတဆင့် ကူးစက်သောရောဂါများ၊ လက္ခဏာများနှင့် ဆေးနည်းများ

များဆုံးက Vaginitis (ဗဂျိုင်းနား) ရောင်တာဖြစ်တယ်။ Cervicitis သားအိမ်ဝရောင်တာလဲ ဖြစ်နိုင်တယ်။ ခွဲခြားဘို့တော့ ခက်တယ်။ Trichomonas vaginalis (TV), Bacterial vaginosis (BV) နဲ့ Candida albicans ပိုးတွေကနေ ဖြစ်စေတယ်။ Neisseria gonorrhoeae (NG) နဲ့ Chlamydia trachomatis (CT) တွေလဲ ဖြစ်တယ်။ တွဲဖြစ်တာလဲ ရှိတယ်။ ခွဲခြားဘို့ ခက်ရင် (TV) နဲ့ (BV) ဆေးတွေဘဲ ပေးသင့်တယ်။ ယောက်ျားတွေမှာလဲ ဘာမှမခံစားရပေမဲ့ (TV) ဖြစ်နေ တတ်တယ်။

8
Oct

သီတင်းမကျွတ်ခင် ဖတ်စေချင်

Condoms (ကွန်ဒွမ်) ကနေ အကုန်လုံးကို မကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) ကနေ Gonorrhea, Chlamydia, HIV နဲ့ Trichomoniasis တွေကိုတော့ ကောင်းကောင်း ကာကွယ်နိုင်တယ်။ Herpes, Syphilis နဲ့ Genital warts တွေကိုတော့ မကာကွယ်နိုင်ပါ။ Crabs နဲ့ Scabies တွေကို (ကွန်ဒွမ်) မဖုံးတာမို့ မကာကွယ်နိုင်ပါ။

Follow me on:

Back to Top