12
Apr

မွေးလမ်းကြောင်း ပိုးဝင်ခြင်း

လိင်ကတဆင့် ကူးစက်တယ်။ မွေးလမ်းကနေ ဆင်းတာက အမြှုတ်လိုနေမယ်။ ခပ်စိမ်းစိမ်း၊ ခပ်ဝါဝါ အရောင်ရှိမယ်။ အနံ့ရှိမယ်။ ယားမယ်။ နာမယ်။ ပူလောင်မယ်။ ဆီးပူ၊ ဆီးအောင့်ဖြစ်မယ်။ ရာသီလာ အပြီး ပိုဆိုးတယ်။ ပျို့အန်တတ်တယ်။ လိင်ဆက်ဆံဘက်ကိုပါ ရောဂါ လက္ခဏာပြပေမဲ့ တခါတည်း ဆေးကုရမယ်။

8
Apr

ပန်းအဖျား လှီးဖြတ်ပေးခြင်း

ပန်းငုံတာဖြတ်ခြင်းနဲ့ HIV အကြောင်း သိသင့်တယ်။ ပန်းငုံတာဖြတ်ပေးရင် လိင်တံပတ်ဝန်းကျင်မှာ နေတတ်တဲ့ (ဗက်တီးရီးယား ကွန်မြူနတီ) ကို ပြောင်းလဲစေတာမို့ HIV ကို ကာကွယ်ရာ ကျတယ်လို့ ဆိုတာတယ်။ Translational Genomics Research Institute နဲ့ Johns Hopkins University တွေက သုတေသန လုပ်ထားတယ်။ “အကြောင်းနဲ့ အကျိုး ဆက်စပ်မှု ဆိုတာ ပန်းငုံတာ ဖြတ်ခြင်းနဲ့ HIV မှာ သိသာတယ်တဲ့။ စမ်းသပ်တာကလဲ ပန်းငုံတာ ဖြတ်တာ အလေ့နဲပြီး၊ HIV အဖြစ်များလှတဲ့ ဆာဟာရ အောက်ပိုင်း နေရာတွေမှာ။ သက်သာတာ ၄ဝ% ရှိတယ်။ ဆိုချင်တာက ပန်းငုံဖြတ်သူ ယောက်ျားထဲမှာ ၁ဝဝ ဆို ၄ဝ က HIV အဖြစ် နည်းတယ်။

2
Apr

အမျိုးသမီး လိင်လမ်းကြွက်နို့

Sinecatechins (Veregen) သစ်ပင်က ထွက်တဲ့ဆေး ကိုယ်တိုင် သုံးနိုင်တယ်။ တနေ့ ၃ ကြိမ်၊ ၁၆ ပါတ် ကြာနိုင်တယ်။ ဗဂျိုင်းနား၊ စအိုနေရာမှာလဲ သုံးနိုင်တယ်။ HIV ရှိသေူ၊ ရေယုံရှိနေသူတွေလဲ သုံးနိုင်တယ်။ အတူမနေခင် ဆေးကြောပြစ်ရမယ်။ ကွန်ဒွမ်ကို အားနည်းစေနိုင်တယ်။ ဆေးထိရာမှာ နီရဲပြီး ယားမယ်။ ပူလောင်မယ်။

24
Feb

လိင်ဆက်ဆံစဉ် ကွန်ဒုံး အသုံးပြုပုံ မှားယွင်းမှုများကို သုတေသန ပညာရှင်များက ဖော်ထုတ်

၅၀ ရာခိုင်နှုန်းသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ကွန်ဒုံးကို စွပ်ပြီးနောက် လေထုတ် ပစ်လေ့ မရှိကြောင်း တွေ့ရှိရသည်။ လိင်ဆက်ဆံစဉ် ကွန်ဒုံး ပေါက်ပြဲခြင်းနှင့် ယိုစိမ့်မှု ဖြစ်ပွားခြင်းတို့မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိကြောင်း တွေ့ရသည်။ ပညာရှင်တို့က ကွန်ဒုံးကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်မှု တိုးတက်လာခြင်းအားဖြင့် ရောဂါ ကူးစက်မှုပေါင်း သန်းနှင့်ချီလျက်ကို ရှောင်ရှား နိုင်လိမ့်မည် ဖြစ်ကြောင်း သတိ ပေးခဲ့သည်။

22
Nov

(ကွန်ဒွမ်) မျိုးဆက်သစ်လာတော့မည်

ဆေးဘက်ဆိုင်ရာ နည်းပညာက (မတ်ခ် မက်ဂလိုသလင်) ကနေလဲ နွားအရွတ်ကနေ လုပ်မဲ့ ယောက်ျားသုံး (ကွန်ဒွမ်) သစ်တခု ထုတ်လုပ်ဘို့ ရံပုံငွေလဲ ချီးမြှင့်ခံရပါသေးတယ်။ (ကိုလာဂျင် ဖိုင်ဘာ) အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားက သက်ရှိအရာနဲ့ တူလို့ အပူချိန် အပြောင်းအလဲကို ဖြစ်စေပြီး သဘာဝနဲ့ ပိုနီးစပ်ပါမယ်။

16
Nov

ဆက်ဆံရာမှာ ပါးစပ်သုံးခြင်း

လိင်ကတဆင့် ကူးစက်ရောဂါရဘို့ နှိုင်းယှဉ်ရင် အန္တရာယ် နည်းတယ်။ ဗဂျိုင်းနားနဲ့ စအိုလမ်းတွေထက် နည်းတယ်။ ကူးစက်ဘို့ မဖြစ်နိုင်တာတော့ မဟုတ်ပါ။ Latex လေးတက်စ် ကွမ်ဒွန်၊ Polyurethane ပေါ်လီယူရီသိန်း ကွမ်ဒွမ်၊ Female condoms အမျိုးသမီးသုံး ကွမ်ွးန်တွေကေ ကူးစက်ဘို့ အခွင့်အလမ်းကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်။ ပြုလုပ်ပေးသူရဲ့ ပါးစပ်နေရာမှာ Cuts ပြတ်ရှတာ၊ Sores အနာအဆာရှိတာ ဆိုရင် ပိုပြီး ကူးစက်လာစေနိုင်တယ်။ Ejaculation သုက်ရည်ကို ပါးစပ်ထဲထည့်ရင်လဲ အတူတူဘဲ။

13
Nov

သားအိမ်အဝ

သားအိမ်ဝဟာ မဟဘဲ ပိတ်ထားသလိုနေပေမဲ့ မျက်စိနဲ့ မမြင်နိုင်အောင်သေးတဲ့ ပိုးတွေ ကောင်းကောင်း ဝင်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆိုရင် ကလေးက ရေမွာအိပ်ထဲနေလို့ လုံခြုံတယ်။ ရေမွာ အိတ်စောပေါက်သူတွေကို မြန်မြန် မွေး လာအောင် လုပ်ပေးရတယ်။ အချိန်ကြာရင် ပိုးဝင်တာနဲ့ အာဟာရနည်းတာ ကလေးမှာဖြစ်လာစေနိုင်တယ်။

23
Oct

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဘယ်လို ကုသမလဲ

STDs လိင်လမ်းကကူးစက်တာမျိုးဆိုရင် ပဋိဇီဝ ပိုးသေဆေး တမျိုးမက လိုမယ်။ ဆေးကို လက္ခဏာ သက်သာသေမဲ့ ဆေးပါတ်လည်အောင် သောက်ရမယ်။ လက်မှတ်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေက ပိုးကိုတော့ သေစေမှာ မဟုတ်ဘူး။ ဥပမာ Uristat, Phenazopyridine, Pyridium, Urogesic နာတာကို သက်သာစေတယ်။

17
Oct

လိင်မှတဆင့် ကူးစက်သည့် ရောဂါဆေးများ (၄)

Lymphogranuloma Venereum (LGV) Chlamydia trachomatis ပိုးကြောင့်ဖြစ်သည်။ ပိုးဝင်အပြီး ၃-၁၂ ရက်အကြာ ကျား-မ လိင်အင်္ဂါများမှာ မနာသော အနာပေါက်မည်။ ပေါင်ခြံတက်စေ့များ ရောင်လာမည်၊ ၎င်းတို့မှ အနာဖြစ်လာမည်။ အစာဟောင်းအိမ် ဖြစ်ပါက ဝမ်းသွားလျင်နာမည်။ Doxycycline 100 mg BD x 21 days; Erythromycin base 500 mg QID x 21 days

20
Sep

ရာသီအကြောင်း (၂)

အများဆုံး ဖြစ်တာက Ovulation bleeding မျိုးဥထွက်ချိန်မှာ သူဖြစ်လာရာအိတ် Follicle ကနေ မျိုးဥ ပေါက်ထွက် ချိန်မှာ ဖြစ်တယ်။ ၂-၃ နာရီလောက်ကနေ ၁-၂ ရက်အထိ ကြာတတ်တယ်။ တချို့မှာ နာတာနဲ့ တွဲနေတယ်။ မျိုးဥထွက်ခါနီး (အီစထိုဂျင်) ဟော်မုန်း များ-နည်းရာကနေ သားအိမ် အတွင်း နံရံပါးလို့ ဆင်းတာပါ။ ဒါ့ကြောင့်ဆိုရင် Estrogen ပေးလို့ ပျောက်တယ်။

Follow me on:

Back to Top